ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။ နံနက် ၉နာရီ ၄၅ မိနစ်တွင် ရေတ၀က်၊ ကုန်းတ၀က် ခရီးစဉ်ကိုစတင်ပါမည်။ ကားသင်္ဘောဖြင့် ကုန်းပေါ်တွင် မိနစ် ၃၀ ရေပေါ်တွင် မိနစ် ၃၀ လှည့်လည်ကြည့်ရှုပါမည်။ ထို့ နောက် စင်ကာပူရှိ နာမည်ကျော် ရဟတ်ကို ၁ နာရီ စီးပါမည်။ ၂၄ နာရီ မြို့ ပတ် ၂ ထပ်ကားကြီး ကိုလည်း စီးပါမည်။ ထူးခြားချက်မှာ ထိုကားကြီးသည် ၂၄ နာရီ စင်ကာပူမြို့ တွင် လှည်လည်သွားလာနေပြီး မြို့ တွင် ၂၅ နေရာတွင် ကားခတ္တရပ်နားပါသည်။ ခရီးသည်များအနေဖြင့် ကားပေါ်တွင် စင်ကာပူရှိ ထင်ရှားသောနေရာများနှင့် ပတ်သတ်ပြီး ရှင်းပြမှာဖြစ်ပါသည်။ ကားရပ်သောနေရာတွင် ဆင်းနေပြီးလှည့်လည်ကြည့်ရှုကာ နောက်ကားလာလျှင် တက်စီးနိုင်သော အခွင့်အရေးဖြစ်ပါသည်။ လက်မှတ်မှာ ၂၄ နာရီးတွင် ကြိုက်သလောက်စီးနိုင်ပါသည်။ ထိုနည်းဖြင့် ခရီးသည်များ မြို့ တွင် လှည့်လည်ကြည့်ရှုရသော ကားခသက်သာမှာဖြစ်ပါသည်။ ဟိုတယ်တွင် ညအိပ်ပါမည်။ |