စင်္ကာပူ - ဘန်ကောက် (၉ ညအိပ် ၁၀ ရက်) ခရီးစဉ်

ရန်ကုန် - ဘန်ကောက် - စင်္ကာပူ


ရန်ကုန်မြို့ မှ TG-304 လေယာဉ်ဖြင့် နံနက် ၉ နာရီ ၅၀ တွင်ထွက်ခွါ ၍ ဘန်ကောက်သို့  နံနက် ၁၁ နာရီ ၄၅ တွင်ရောက်ရှိမည်။ ဘန်ကောက်မှ တဆင့် စင်္ကာပူသို့  TG-409 ဖြင့် ညနေ ၄ နာရီ ၃၅ တွင်ထွက်ခွါပြီး စင်္ကာပူသို့ ည ၇ နာရီ ၅၅ တွင်ရောက်ရှိမည်။ ဧည့်လမ်းညွှန်မှ စင်္ကာပူ ချန်ဂီလေဆိပ်တွင် လာရောက်ကြို ၍ စာသောက်ဆိုင်သို့ ပို့ ဆောင်ပြီး ညစာသုံးဆောင်မည်။ ထို့ နောက် ဟိုတယ်သို့ ပို့ ဆောင်ပေးမည်။ Royal Hotel တွင်ညအိပ်အနားယူမည်။

စင်္ကာပူ

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ နံနက်ပိုင်းတွင် Faber တောင်၊ Merlion ဥယျာဉ်၊ Esplanade နှင့် Fountain of Wealth တို့  ကို သွားရောက်လေ့လာကြမည်။ ထို့ နောက် မြို့ တွင်းသို့ လည်ပတ်ကြည့်ရှုပြီး DI & Habourmart တို့ တွင်ဈေးဝယ်ကြမည်။ နေ့  လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ ထို့ နောက် Sentosa သို့ သွားရောက်လေ့လာကြမည်။ Cable Car, 4D magic, Merlion မျှော်စင်၊ ရေအောက်ကမ္ဘာ နှင့် စင်္ကာပူပုံရိပ်တို့ ကို လေ့လာကြမည်။ ညစာကို ကျွန်းပေါ်တွင်သုံးဆောင်မည်။ Royal Hotel တွင်ညအိပ်အနားယူမည်။

စင်္ကာပူ - ဘန်ကောက်

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ နံနက်ပိုင်းတွင် Jurong Bird Park နှင့် Bird Show သို့ သွားရောက်ကြည့်ရှုမည်။ Chocolate Botique နှင့် Takashimaya တို့ တွင် ဈေးဝယ်ထွက်ကြမည်။ နေ့ လည်စာကို ကိုရီးယား BBQ သုံးဆောင်မည်။ နေ့ လည်ပိုင်းတွင် စင်္ကာပူ ချန်ဂီလေဆိပ် သို့ ပိုဆောင်ပေးမည်။ စင်္ကာပူမှ TG-414 လေယာဉ်ဖြင့် နေ့ လည် ၃ နာရီ ၅၅ တွင် ထွက်ခွါပြီး ဘန်ကောက် သို့  ညနေ ၅ နာရီ ၁၅ တွင်ရောက်ရှိမည်။ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ ဆောင်ပေးမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ Bangkok City Inn ဟိုတယ်တွင်ညအိပ်အနားယူမည်။

ဘန်ကောက် ဘုရားဖူး


နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ ဘန်ကောက်ရှိ တန်ခိုးကြီးဘုရားများဖြစ်သော မြဘုရား၊ ဘုရင့်နန်းတော်၊  လျောင်းတော်မူဘုရား၊ ကျောက်ဘုရား၊ တောင်ပေါ်ဘုရား နှင့် လေးမျက်နှာ ဘုရားတို့ ကို ဖူးမျှော်ကြမည်။ နေ့ လည်စာနှင့် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ Bangkok City Inn ဟိုတယ်တွင်ညအိပ်အနားယူမည်။

ဘန်ကောက် - ပတ္တရား

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ နံနက်ပိုင်းတွင် ပတ္တရားမြို့ သို့ ထွက်ခွါမည်။ လမ်းတွင် ကျားဥယျာဉ်သို့ ဝင်ရောက်လည်ပတ် ကြမည်။ နေ့ လည်စာကို ဥယျာဉ်အတွင်းတွင်သုံးဆောင်မည်။ ပတ္တရားမြို့ သို့ ဆက်လက်ထွက်ခွါမည်။ ပတ္တရားမြို့ သို့ ရောက်ရှိပြီး ဟိုတယ်တွင် Check in ၀င်မည်။ ကမ်းခြေတွင် အပန်းဖြေ၍ အနားယူမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ Villa Pannalee Hotel တွင်ညအိပ်အနားယူမည်။

ပတ္တရား - ဘန်ကောက်

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ နံနက်ပိုင်းတွင် Coral Island သို့  အမြန်လှေဖြင့် သွားကြမည်။ ကျွန်းအလှ နှင့် ကမ်းခြေကို ကြည့်ရှု အပန်းဖြေမည်။ နေ့ လည် ကို ကျွန်းပေါ်တွင်သုံးဆောင်မည်။ နေ့ လည်ပိုင်းတွင် ပတ္တရားမြို့ သို့ ပြန်လာပြီး ဘန်ကောက်သို့  ထွက်ခွါမည်။ ဘန်ကောက်သို့ ရောက်ရှိပြီး ဟိုတယ်တွင် ခတ္တ အနားယူမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ Bangkok City Inn ဟိုတယ်တွင် ညအိပ်အနားယူမည်။

ဘန်ကောက် (Safari World + Siam Niramit Show)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ Safari World သို့ သွားရောက်လည်ပတ်မည်။ ကုန်း၊ ရေ သတ္တ၀ါများကို စုံလင်စွားလေ့လာမည်။ ကျားများကို အစာကျွေးသည့်မြင်ကွင်းမှာစိတ်လှုပ်ရှား စရာကောင်းလှသည်။ နေ့ လည်စာကို ဘူဖေး သုံးဆောင်မည်။ ဟိုတယ်သို့ ပြန်၍ အနားယူမည်။ ညနေ တွင် Siam Niramit ထိုင်းယဉ်ကျေးမှု ကပွဲသို့ သွားရောက်မည်။ ညစာကို ကဇာတ်ရုံတွင် ဘူဖေး သုံးဆောင်မည်။ ပြပွဲကြည့် ရှုပြီး သုံးဆောင်ကြမည်။ Bangkok City Inn ဟိုတယ်တွင် ညအိပ်အနားယူမည်။

ဘန်ကောက် (Floating Market + Sampham Crocodile Farm)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ နံနက်ပိုင်းတွင် ဘန်ကောက်ရှိ နာမည်ကြီး ရေပေါ်ဈေးသို့ သွားရောက်လေ့လာမည်။ နေ့ လည် ပိုင်းတွင် Sampham မိကျောင်းမွေးမြူရာ စခန်းသို့ သွားမည်။ နေ့ လည်စာကို ထို စခန်းတွင် သုံးဆောင်မည်။ စခန်းတွင်း မိကျောင်းပြပွဲ၊ ဆင်ပြပွဲ များကို ကြည့်ရှုမည်။ ဟိုတယ်သို့ ပြန်၍ အနားယူမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ Bangkok City Inn ဟိုတယ်တွင် ညအိပ်အနားယူမည်။ (ဘန်ကောက်ရှိ နှစ်သစ်ကြိုဆိုပွဲကို မိမိ အစီအစဉ်ဖြင့် ပါဝင်ဆင်နွှဲနှိင်သည်။)

ဘန်ကောက် (Dream World)


နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ ကစားနည်းများစုံလင်ရာ Dream World သို့ သွားရောက်လည်ပတ်ကြမည်။ နေ့ လည်စာကို ဘူဖေး သုံးဆောင်မည်။ ဟိုတယ်သို့ ပြန်၍ အနားယူမည်။ မိမိအစီအစဉ် ဖြင့် လည်ပတ်နိုင်ရန် အားလပ်ချိန်ပေးထားသည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ Bangkok City Inn ဟိုတယ်တွင် ညအိပ်အနားယူမည်။

ဘန်ကောက် - ရန်ကုန်

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်မည်။ Siam Paragon, MBK, James Fashion, Big C, Central World များတွင် ဈေးဝယ်ထွက်ကြမည်။ နေ့ လည်စာ ကို စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ Platinum Shopping Mall တွင် ဈေးဝယ်ထွက်ဦးမည်။ နေ့ လည်ပိုင်တွင် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်သို့ ပို့ ဆောင်ပေးမည်။ ဘန်ကောက်မှ TG-305 ဖြင့် ညနေ ၅နာရီ ၅၀ တွင် ထွက်ခွါပြီး ရန်ကုန်သို့ ည နေ ၆နာရီ ၄၅ တွင် ရောက်ရှိမည်။

(ခရီးစဉ်ပြီးဆုံးသည်။)

Peace House International
   
စကာင်္ပူ - ဘန်ကောက် (၉ည အိပ်၊ ၁၀ ရက်)
ဘန်ကောက် (၂ ညအိပ်၊ ၃ ရက်)
ဘန်ကောက် (၃ ညအိပ်၊ ၄ ရက်)
ဘန်ကောက် - ပတ္တရား (၄ ညအိပ်၊ ၅ ရက်)
ဘန်ကောက် - ပတ္တရား (၅ ညအိပ်၊ ၆ ရက်)
ဘန်ကောက် - ပတ္တရား (၆ ညအိပ်၊ ၇ ရက်)
ဟောင်ကောင် (၇ ရက်)
စကာင်္ပူ - ကွာလာလမ်ပူ ခရီးစဉ်
စကာင်္ပူ (၂ ညအိပ်၊ ၃ ရက်)
 
 
Plan Your Trip

Air Tickets (AirMyanmar.com)
Car Rental (CarMyanmar.com)
Hotels (LodgingMyanmar.com)
Contact Us
Home PHI-Aid About Us Contact Us Terms and Conditions

Copyright © 2010 Peace House International Travel.
Prepared by Myanmars.net

Laos